Feature Cause

Donate & Help

သင်နဲ့အတူ ကျွန်ုပ်တို့ရှိပါတယ်

2015 ရေဘေးကျရောက်သည့် အချိန်က လူမျိုး ဘာသာ မခွဲခြားဘဲ ကူညီနေသည့် Myanmar Muslim Aid (MMAID)

Feature Cause

Save Humanity

To Help Them Survive

Medecins du Monde Jane Addams reduce child mortality challenges Ford Foundation. Diversification shifting landscape advocate pathway to a better life rights international. Assessmen

Donate Now

Our Latest Blog

Monday, May 25, 2020

မြန်မာနိုင်ငံက မွတ်ဆလင်တွေရဲ့ကိုဗစ် အလှူ


မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
 ပံ့ပိုးကူညီရေးကော်မတီ(MMAID)
အီးဒ်နေ့အထိမ်းအမှတ် လှူဒါန်းခြင်း

၂၅-၅-၂၀၂၀ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ပံ့ပိုးကူညီရေးကော်မတီ(MMAID)သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Quarantine Centre များသို့သွားရောက်ကာ ဝါကျွတ်အီးဒ်နေ့ အထိမ်းအမှတ်အဖြစ် နေ့လယ်စာ (ထောပတ်ထမင်းနှင့် ကြက်သားဟင်း) လူဦးရေ (၃၂၀၀) အတွက် လှူဒါန်းခဲ့ပါသည်။ ထိုသို့လှူဒါန်းရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လဝက ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမြင့်တို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားပါသည်။





မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးပံ့ပိုးကူညီရေးကော်မတီ(MMAID) ကိုယ်စား အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်နှင့် အလ်ဟာဂ်ျ မောင်လာနာ မုဖ်သီ နူးရ်မုဟမ္မဒ် (ခ) ဆရာကြီး ဦးကိုလေး တို့့က လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ဦးမြအေးက ကျေးဇူးစကားပြောကြားခဲ့ပါသည်။
ထိုနောက် လှိုင်မြို့နယ်ရှိ စေပိုင် Quarantine Centre ၊ အမရဆောင်၊ သံပျင်ဆောင်၊ အဓိပတိဆောင်စသည့်အဆောင်များတွင်ဖွင့်လှစ်ထားသော Quarantine Centre များသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ပုလဲမြို့သစ် ရွှေနံ့သာရှိ အနုပညာဆည်းဆာရိပ်နှင့် မြရွှေပင်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ မြရွှေပင်ကျောင်းတိုက် Quarantine Centre ၏ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့ပါသည်။

"ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျက်ရှိ၏"
 (ကျမ်းမြတ်ကုရ်အာန် - ၉၄:၆)
Myanmar Muslim Aid(MMAID)
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး




Sunday, May 24, 2020

အီးဒ်ပွဲတော် အထိမ်းအမှတ် quarantine စင်တာများသို့ မနက်စာပေးပို့






အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော် အထိမ်းအမှတ် quarantine စင်တာများသို့ မနက်စာ ၃၀၀၀ဦးစာပေးပို့
====================
ယနေ့ ၂၅-၅-၂၀၂၀နေ့တွင် အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော် အထိမ်းအမှတ် quarantine စင်တာများသို့ မနက်စာ ၃၀၀၀ဦးစာ ပေးပို့လှူဒါန်းရန်ပြင်ဆင်နေစဉ်။
"ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျက်ရှိ၏"                                   (ကျမ်းမြတ်ကုရ်အာန် - ၉၄:၆)
                  Myanmar Muslim Aid(MMAID)
      မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး


Wednesday, May 6, 2020

MMAID မှ Quarantine ဝင်သူ ၈၀ အတွက် ညမနက်စာ ဝေငှ

Quarantine နေရသူ(၈၀)ဦးအတွက် အသင့်စားသုံးနိုင်သော (Halal ) ထမင်း+ဟင်းဘူး ဝေမျှမှု (၆-၅-၂၀၂၀)




====================
မနက်စာ- ပေါင်မုန့် ၊ ကိတ်မုန့်၊ မုန့်ကြွပ်၊ ကော်ဖီ

နေ့လယ်စာ-

ကြက်သားခါးပတ်ကြော် ခရမ်းချဥ်သီးပုဇွန်ခြောက်ချက် သခွားသီးတိူ့စရာ

ညစာ-

ကြက်သားခါးပတ်ကြော် ခရမ်းချဥ်သီးပုဇွန်ခြောက်ချက် သခွားသီးတိူ့စရာ။

အသင့်စားသုံးနိုင်သော (Halal ) ထမင်း+ဟင်းဘူး

(၈၀)ဦးစာတို့ကို အမရာဆောင်နဲ့ အခြားလိုအပ်တဲ့ Covid-19ကြောင့် Quarantine နေရများထံပေးပို့ခဲ့ပါတယ်။

"ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျက်ရှိ၏"

                                          (ကျမ်းမြတ်ကုရ်အာန် - ၉၄:၆)

                  Myanmar Muslim Aid(MMAID)

      မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး

====================

Wednesday, April 22, 2020

Covid-19 အတွက် ထောက်ပံ့မှု အစီအစဉ်

Myanmar Muslim Aid(MMAID)
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
မှ
၁) Covid-19 လူနာများနှင့် Quarantine နေရသူများအတွက် အသင့်စားသုံးနိုင်သာ (Halal ) ထမင်း+ဟင်းဘူးများ
၂) စားနပ်ရိက္ခာ လိုအပ်နေတဲ့ မိသားစုများကို စားနပ်ရိက္ခာများ
၃) ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ
ကို အမှန်တစ်ကယ်လိုအပ်ချက်ရှိကြောင်း စစ်ဆေးပြီး တတ်နိုင်သရွေ့ ကူညီထောက်ပံ့ပေးပါမည်။

Covid-19အတွက် အလှူငွေထည့်ဝင်ဖို့ ဘဏ်အကောင့်တောင်းနေကြတဲ့ မိတ်ဆွေများ အတွက်ပါ။
အလှူငွေသွင်းပြီးသွားရင် ကျေးဇူးပြုပြီး အောက်မှာဖေါ်ပြထားတဲ့ ပုဂ္ဂိုလ်များကို ဆက်သွယ်ပြီး ဘဏ်စလစ်များပေးပို့ကြဖို့ မေတ္တာရပ်ခံပါတယ်။



ဆက်သွယ်ရန်
==========
ဖုံး- ဦးတင်မောင်သန်း
095660911,09975660366 (Viber )
ဦးကျော်ခင်095162603
ဦးမြင့်ထွန်း 095128649
ဦးမြအေး 09444450028
ဦးတင်နိုင် 095105733
မုဖ်တီအောင်မြတ်ဦး 09783611305
ဦးစန်းအောင် 09254512460
ဦးလှမြင့် 095071119
ဦးမောင်မောင်တင် 095146747
ဦးဇော်မင်းလတ် 095500787
ဒေါ်တင်မြတ်ဦး 0943029785


MMAIDမှ ကျပ်သိန်း(၄၀)ဖိုး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းလှူဒါန်းခြင်း




ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျပ်သိန်း(၄၀)တန်ဖိုးရှိ
(၁) Goggle glass-100
(၂) Surgical mask -1100
(၃) Boot shoe-100
(၄) PPE- 100
(၅) Hand glove -200 pcs များကို
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးMyanmar Muslim Aid(MMAID)က တာဝန်ရှိသူများ က တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
"ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျှက်ရှိ၏"
(ကျမ်းမြတ်ကုရ်အာန်)
Myanmar Muslim Aid(MMAID)
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
၂၁-၄-၂၀၂၀
No photo description available.

Image may contain: 1 person, sitting and indoor

၂၂-၄-၂၀၂၀ Quarantine နေရသူများအတွက် (၃)နပ်စာ




(သင်နဲ့အတူ ကျွန်ုပ်တို့ရှိပါတယ်)
၁)Breakfast
ပလာတာ၊ ကိတ်၊ မုန့်ကြွတ်၊ ကော်ဖီ
(၁၀၀)ဦးစာ နှင့်
Image may contain: food
၂) Lunch
နေ့လယ်စာ
ငဖယ်ဟင်း၊ခရမ်းချဥ်သီးချက်၊ပဲသီးနဲ့အာလူးကြော်
၃)Dinner
ညစာ
ငဖယ်ဟင်း၊ခရမ်းချဥ်သီးချက်၊ပဲသီးနဲ့ကြက်ဥကြော်
အသင့်စားသုံးနိုင်သော (Halal ) ထမင်း+ဟင်းဘူး
(၁၀၀)ဦးစာတို့ကို အမရာဆောင်ရှိ Covid-19ကြောင့်
Quarantine နေရသူ(၁၀၀)ဦးအတွက် ပေးပို့ခဲ့ပါတယ်။
"ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျက်ရှိ၏"
(ကျမ်းမြတ်ကုရ်အာန် - ၉၄:၆)
Myanmar Muslim Aid(MMAID)
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး

Image may contain: food

Image may contain: indoor

Image may contain: text

Monday, March 30, 2020

Civid 19 ကပ်ရောဂါ ဘေးအန္တရာယ် နှင့်ပက်သက်၍ MMAID (Myanmar Muslim Aid)၏ ကြေညာချက်


Covid 19 ကပ်ရောဂါအန္တရာယ်ကြောင့် အမိ မြန်မာနိုင်ငံတွင်လည်း စတင် ထိခိုက်ခံစားလာနေရပြီဖြစ်ပါသည်။နောက်ထပ် ရက်ပိုင်း အတွင်း ရောဂါ မည်မျှထိ ထပ်မံ ပြန့်ပွားမည် မည်သည့် အချိန်တွင် ရပ်တန့်မည် ကို မည်သူမျှ မခန့်မှန်းနိုင်ပါ။
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကျရောက်တိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ MMAID ကော်မတီသည် အစိုးရအဖွဲ့အစည်းများနှင့်လည်းကောင်း အစိုးရမဟုတ်သော အရပ်ဘက်အဖွဲအစည်းများနှင့်လည်းကောင်း ပူးတွဲ၍ အစဉ်အမြဲဲကူညီ ပံ့ပိုး ပေးခဲ့ပါသည်။
၁။ ယခုလည်း MMAIDသည်
နိုင်ငံတော် အစိုးရ၊ကျန်းမာရေး ဝန်ကြီးဌာန၊ အစိုးရ မဟုတ်သော အရပ်ဘက် အဖွဲ့စည်းများ၊ဒေသဆိုင်ရာ အာဏာပိုင် များနှင့် ပူးပေါင်း၍ Covid 19 ရောဂါဖြစ်ပွားသော နေရာ ဒေသ မှလာသော ခရီးသွားများအတွက် ယာယီနေထိုင်ရန် နေရာထိုင်ခင်းစီစဉ်ပေးပါမည်။
(အထက်ပါ နေရာများတွင် စောင့်ကြည့် ၁၄ ရက်သာ ယာယီနေ ထိုင်ခွင့်သာ ပေးမည်ဖြစ်ပြီး၊ကျန်းမာရေးနှင့် စားရေး၊သောက်ရေး အတွက် အလှူရှင် ရှိပါက စီစဉ်ပေးမည်ဖြစ်ပြီး၊ မရှိပါက ကျသင့်ငွေ ပေးဆောင်ရမည်ဖြစ်ပါသည်။ယာယီ ၁၄ ရက်ပြည့်ပါက တခြားနေရာသို့ မိမိ အစီစဉ် ဖြင့်ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ပါသည်။)
၂။Covid 19 စစ်ဆေးပြီး သံသယ လူနာ နှင့် Positive လူနာ များ၊
ယင်းလူနာ များအား အသက်ကို ပဓာန မထားဘဲ စစ်ဆေးကုသပေးနေသော ဆရာဝန်များ သူနာပြုများအတွက် လိုအပ်ပါက Halal အစားသောက် များ စီစဉ်ပေးမည်ဖြစ်ပါသည်။
၃။ ဆေးရုံ၊ဆေးပေးခန်း၊ သံသယ လူနာ ထားသော နေရာ များ၊ ယင်းနေရာ များတွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်၊သူနာပြု၊NGO နှင့် အရပ်ဖက် အဖွဲ့အ စည်းများအတွက် Mask များ၊ Handgel၊Sugical Glove၊PPE ဝတ်စုံများ ကို လိုအပ်ပါက MMAID မှတစ်ဆင့် အကူညီတောင်းခံနိုင်ပါသည်။ ပစ္စည်းရှိပါက ချက်ချင်း ထောက်ပံ့ပေးမည် ဖြစ်ပြီး၊မရှိပါကဝယ်ယူ ရရှိမူပေါ်မူတည်၍ လိုအပ်သလို ကူညီထောက်ပံ့သွားမည် ဖြစ်ပါသည်။
၄။ရောဂါ ကူးစက်မူ မြင့်တက်မည်ကို စိုးရိမ်၍၊အရေးပေါ် အခြေနေ (သို့)Lockdown ကြေငြာခြင်း၊ဒေသန္တရ အမိန့်ဖြင့် အပြင်မထွက်ရခြင်းများကြောင့် ပိတ်မိနေမည့် လူများအတွက်၊ ဆန်နှင့် အခြားစားစရာ ပစ္စည်းများကို လိုအပ်သော နေရာများသို့ သက်ဆိုင်ရာအဖွဲ့စည်းများမှတဆင့်သော်လည်းကောင်း ကိုယ်တိုင် သွားရောက်၍သော်လည်းကောင်း လှူဒါန်းသွားပါမည်။
၅။Covid 19 ကပ်ဘေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကူကယ်ဆယ်ရေးလုပ်ငန်းများကို မိဘပြည်များနှင့်အတူအစဉ်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
MMAID သည် နိုင်ငံတော်နှင့် ပြည်သူအတွက် ကူညီရန် အမြဲအသင့်ရှိနေပါသည်။
-
MMAID (Myanmar Muslim Aid)
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
ဆက်သွယ်ရန်- 095071119
- 09250063033
- 095660911