Monday, March 30, 2020

Civid 19 ကပ်ရောဂါ ဘေးအန္တရာယ် နှင့်ပက်သက်၍ MMAID (Myanmar Muslim Aid)၏ ကြေညာချက်


Covid 19 ကပ်ရောဂါအန္တရာယ်ကြောင့် အမိ မြန်မာနိုင်ငံတွင်လည်း စတင် ထိခိုက်ခံစားလာနေရပြီဖြစ်ပါသည်။နောက်ထပ် ရက်ပိုင်း အတွင်း ရောဂါ မည်မျှထိ ထပ်မံ ပြန့်ပွားမည် မည်သည့် အချိန်တွင် ရပ်တန့်မည် ကို မည်သူမျှ မခန့်မှန်းနိုင်ပါ။
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကျရောက်တိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ MMAID ကော်မတီသည် အစိုးရအဖွဲ့အစည်းများနှင့်လည်းကောင်း အစိုးရမဟုတ်သော အရပ်ဘက်အဖွဲအစည်းများနှင့်လည်းကောင်း ပူးတွဲ၍ အစဉ်အမြဲဲကူညီ ပံ့ပိုး ပေးခဲ့ပါသည်။
၁။ ယခုလည်း MMAIDသည်
နိုင်ငံတော် အစိုးရ၊ကျန်းမာရေး ဝန်ကြီးဌာန၊ အစိုးရ မဟုတ်သော အရပ်ဘက် အဖွဲ့စည်းများ၊ဒေသဆိုင်ရာ အာဏာပိုင် များနှင့် ပူးပေါင်း၍ Covid 19 ရောဂါဖြစ်ပွားသော နေရာ ဒေသ မှလာသော ခရီးသွားများအတွက် ယာယီနေထိုင်ရန် နေရာထိုင်ခင်းစီစဉ်ပေးပါမည်။
(အထက်ပါ နေရာများတွင် စောင့်ကြည့် ၁၄ ရက်သာ ယာယီနေ ထိုင်ခွင့်သာ ပေးမည်ဖြစ်ပြီး၊ကျန်းမာရေးနှင့် စားရေး၊သောက်ရေး အတွက် အလှူရှင် ရှိပါက စီစဉ်ပေးမည်ဖြစ်ပြီး၊ မရှိပါက ကျသင့်ငွေ ပေးဆောင်ရမည်ဖြစ်ပါသည်။ယာယီ ၁၄ ရက်ပြည့်ပါက တခြားနေရာသို့ မိမိ အစီစဉ် ဖြင့်ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ပါသည်။)
၂။Covid 19 စစ်ဆေးပြီး သံသယ လူနာ နှင့် Positive လူနာ များ၊
ယင်းလူနာ များအား အသက်ကို ပဓာန မထားဘဲ စစ်ဆေးကုသပေးနေသော ဆရာဝန်များ သူနာပြုများအတွက် လိုအပ်ပါက Halal အစားသောက် များ စီစဉ်ပေးမည်ဖြစ်ပါသည်။
၃။ ဆေးရုံ၊ဆေးပေးခန်း၊ သံသယ လူနာ ထားသော နေရာ များ၊ ယင်းနေရာ များတွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်၊သူနာပြု၊NGO နှင့် အရပ်ဖက် အဖွဲ့အ စည်းများအတွက် Mask များ၊ Handgel၊Sugical Glove၊PPE ဝတ်စုံများ ကို လိုအပ်ပါက MMAID မှတစ်ဆင့် အကူညီတောင်းခံနိုင်ပါသည်။ ပစ္စည်းရှိပါက ချက်ချင်း ထောက်ပံ့ပေးမည် ဖြစ်ပြီး၊မရှိပါကဝယ်ယူ ရရှိမူပေါ်မူတည်၍ လိုအပ်သလို ကူညီထောက်ပံ့သွားမည် ဖြစ်ပါသည်။
၄။ရောဂါ ကူးစက်မူ မြင့်တက်မည်ကို စိုးရိမ်၍၊အရေးပေါ် အခြေနေ (သို့)Lockdown ကြေငြာခြင်း၊ဒေသန္တရ အမိန့်ဖြင့် အပြင်မထွက်ရခြင်းများကြောင့် ပိတ်မိနေမည့် လူများအတွက်၊ ဆန်နှင့် အခြားစားစရာ ပစ္စည်းများကို လိုအပ်သော နေရာများသို့ သက်ဆိုင်ရာအဖွဲ့စည်းများမှတဆင့်သော်လည်းကောင်း ကိုယ်တိုင် သွားရောက်၍သော်လည်းကောင်း လှူဒါန်းသွားပါမည်။
၅။Covid 19 ကပ်ဘေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကူကယ်ဆယ်ရေးလုပ်ငန်းများကို မိဘပြည်များနှင့်အတူအစဉ်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
MMAID သည် နိုင်ငံတော်နှင့် ပြည်သူအတွက် ကူညီရန် အမြဲအသင့်ရှိနေပါသည်။
-
MMAID (Myanmar Muslim Aid)
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
ဆက်သွယ်ရန်- 095071119
- 09250063033
- 095660911

0 comments:

Post a Comment