Monday, May 25, 2020

မြန်မာနိုင်ငံက မွတ်ဆလင်တွေရဲ့ကိုဗစ် အလှူ


မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
 ပံ့ပိုးကူညီရေးကော်မတီ(MMAID)
အီးဒ်နေ့အထိမ်းအမှတ် လှူဒါန်းခြင်း

၂၅-၅-၂၀၂၀ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ပံ့ပိုးကူညီရေးကော်မတီ(MMAID)သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Quarantine Centre များသို့သွားရောက်ကာ ဝါကျွတ်အီးဒ်နေ့ အထိမ်းအမှတ်အဖြစ် နေ့လယ်စာ (ထောပတ်ထမင်းနှင့် ကြက်သားဟင်း) လူဦးရေ (၃၂၀၀) အတွက် လှူဒါန်းခဲ့ပါသည်။ ထိုသို့လှူဒါန်းရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လဝက ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမြင့်တို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားပါသည်။





မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးပံ့ပိုးကူညီရေးကော်မတီ(MMAID) ကိုယ်စား အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်နှင့် အလ်ဟာဂ်ျ မောင်လာနာ မုဖ်သီ နူးရ်မုဟမ္မဒ် (ခ) ဆရာကြီး ဦးကိုလေး တို့့က လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ဦးမြအေးက ကျေးဇူးစကားပြောကြားခဲ့ပါသည်။
ထိုနောက် လှိုင်မြို့နယ်ရှိ စေပိုင် Quarantine Centre ၊ အမရဆောင်၊ သံပျင်ဆောင်၊ အဓိပတိဆောင်စသည့်အဆောင်များတွင်ဖွင့်လှစ်ထားသော Quarantine Centre များသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ပုလဲမြို့သစ် ရွှေနံ့သာရှိ အနုပညာဆည်းဆာရိပ်နှင့် မြရွှေပင်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ မြရွှေပင်ကျောင်းတိုက် Quarantine Centre ၏ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့ပါသည်။

"ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျက်ရှိ၏"
 (ကျမ်းမြတ်ကုရ်အာန် - ၉၄:၆)
Myanmar Muslim Aid(MMAID)
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး




Sunday, May 24, 2020

အီးဒ်ပွဲတော် အထိမ်းအမှတ် quarantine စင်တာများသို့ မနက်စာပေးပို့






အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော် အထိမ်းအမှတ် quarantine စင်တာများသို့ မနက်စာ ၃၀၀၀ဦးစာပေးပို့
====================
ယနေ့ ၂၅-၅-၂၀၂၀နေ့တွင် အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော် အထိမ်းအမှတ် quarantine စင်တာများသို့ မနက်စာ ၃၀၀၀ဦးစာ ပေးပို့လှူဒါန်းရန်ပြင်ဆင်နေစဉ်။
"ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျက်ရှိ၏"                                   (ကျမ်းမြတ်ကုရ်အာန် - ၉၄:၆)
                  Myanmar Muslim Aid(MMAID)
      မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး


Wednesday, May 6, 2020

MMAID မှ Quarantine ဝင်သူ ၈၀ အတွက် ညမနက်စာ ဝေငှ

Quarantine နေရသူ(၈၀)ဦးအတွက် အသင့်စားသုံးနိုင်သော (Halal ) ထမင်း+ဟင်းဘူး ဝေမျှမှု (၆-၅-၂၀၂၀)




====================
မနက်စာ- ပေါင်မုန့် ၊ ကိတ်မုန့်၊ မုန့်ကြွပ်၊ ကော်ဖီ

နေ့လယ်စာ-

ကြက်သားခါးပတ်ကြော် ခရမ်းချဥ်သီးပုဇွန်ခြောက်ချက် သခွားသီးတိူ့စရာ

ညစာ-

ကြက်သားခါးပတ်ကြော် ခရမ်းချဥ်သီးပုဇွန်ခြောက်ချက် သခွားသီးတိူ့စရာ။

အသင့်စားသုံးနိုင်သော (Halal ) ထမင်း+ဟင်းဘူး

(၈၀)ဦးစာတို့ကို အမရာဆောင်နဲ့ အခြားလိုအပ်တဲ့ Covid-19ကြောင့် Quarantine နေရများထံပေးပို့ခဲ့ပါတယ်။

"ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျက်ရှိ၏"

                                          (ကျမ်းမြတ်ကုရ်အာန် - ၉၄:၆)

                  Myanmar Muslim Aid(MMAID)

      မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး

====================